Mobile Phone Network

ဖုန်း ရဲ့ Network ပိုင်းမှာ …

RX ဆိုတာ Received (operator များမှ လွှင့်ထုတ်ပေးထားသော လှိုင်းများအား လက်ခံရယူခြင်း)

TX ဆိုတာ Transmitt  (ဖုန်းမှတဆင့် operator သို့ ပြန်လည်လွှင့်ထုတ်ခြင်း)

TRX ဆိုတာ Received နဲ့ Transmitt နှစ်ခုလုံးတွဲသုံးထားတဲ့ လမ်းကြောင်း ဆိုပြီးတော့ အကြမ်းဖျဉ်း နားလည် ထားရပါမယ်

 

Network ပိုင်းမှာ ပါတဲ့ ပံ့ပိုးမှုပစ္စည်း နဲ့ IC တွေကတော့…

1- Antenna

Antenna တိုင်ကတော့ ပြင်ပလေထုထဲမှာ ရှိနေတဲ့ လှိုင်းတွေကို ရသမျှ အကုန် ဆွဲဖမ်းယူမှာပါ အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် FM လှိုင်းတွရှိမယ် CDMA 800MHZ , 450 MHZ , Ooredoo , Telenor , MPT စသည်ဖြင့်ပေါ့ မတူညီတဲ့ လှိုင်းတွေ အများကြီး ရှိနေကြပါတယ် Antenna ရဲ့ အလုပ်က အဲ့ဒီ့လှိုင်းတွေကို ဖုန်းထဲဆွဲဖမ်းပေးတဲ့ အလုပ်ကိုပဲ လုပ်ပါတယ်

 

2-Antenna Switcher

Antenna Switcher ကတော့ Antenna လမ်းကြောင်းမှာ ကြားခံ Switch သဘော ခံပေးထားတဲ့ Switcher တစ်ခုပါပဲ တစ်ဖက်ကဝင်ပြီး နောက်တစ်ဖက်ကို ပြန်ထွက်ပါတယ် ဖုန်းထုတ်လုပ်တဲ့ Company တွေ Network ပိုင်းစမ်းတဲ့အခါ အဲ့အပေါက်လေးထဲကို စက်လေးထည့်ပြီး စမ်းတယ်လို့ ဆိုကြပါတယ်

 

3-Antenna Switch IC (Bandpass Filter , 2G PA)

Antenna Switch ic ကို Bandpass Filter လို့လဲ ခေါ်တယ် ဘာလို့လဲဆိုတော့ Band (သတ်မှတ်ထားသော လှိုင်းများကိုသာ) Pass ( ခွင့်ပြု၍) Filter(စစ်ထုတ်ပေးသော) အလုပ်ကိုလုပ်လို့ပါ

ဖုန်းထဲမှာ ဘာ Sim Card ထည့်ထားလဲ ဆိုတာ SIM Card ရဲ့ Data လမ်းကြောင်းကနေမှ တဆင့် CPU IC က သိရှိပြီးတော့ ထည့်ထားတဲ့ Sim Card နဲ့ သက်ဆိုင်တဲ့ Band ကိုသာ အဝင်ခံဖို့ CPU ကနေ Antenna Switch ic ကို Antenna Sel 0 , 1, … လမ်းကြောင်းကတဆင့် Control လုပ်ပါတယ် ဥပမာ Radio နားထောင်မယ်ဆိုရင် ကိုယ်နားထောင်ချင်တဲ့ လှိုင်းရဲ့ HZ ရောက်တဲ့ အထိ ကျူနင် အလုံးကြီးကို လှည့်ပေးရသလိုပဲ Mandalay FM နားထောင်ချင်ရင် 87.9 ကို ရောက်တဲ့ အထိ လှည့်ပေးရသလိုပေါ့ Radio မှာတော့ အပြင်က လက်နဲ့ လှည့်ပါတယ် ဖုန်းမှာတော့ CPU ကနေ Control Voltage နဲ့ Antenna Switch IC ကို လှမ်းပြီး လှည့်ပါတယ် ဒီသဘောပါပဲ အလွယ်ပြောရရင် Antenna တိုင်က ဆွဲယူရရှိတဲ့ လှိုင်းပေါင်းစုံထဲကနေ ဖုန်းထဲမှာထည့်ထားတဲ့ Sim Card နဲ့ သက်ဆိုင်တဲ့ လှိုင်းကိုစစ်ထုတ်ပေးတဲ့ IC ပါပဲ

 

2G PA လို့လဲ နောက်တစ်မျိုးခေါ်ပါတယ်

ဖုန်းအများစုမှာ 3G Network အတွက် PA(Power Amplifier) ကိုပဲ အပြင်မှာ ထုတ်ပြီး တည်ဆောက်ထားတာ တွေ့ရတယ် Samsung နဲ့ I Device တွေမှာတော့ 2G PA ဆိုပြီး သပ်သပ်ပါတယ် Antenna Switch ic နဲ့ ရောမထားဘူး Huaweiနဲ့ အခြား Model တွေမှာတော့ 2G Network ရဲ့ TX အထွက်လှိုင်းကို ချဲ့ပေးမယ့် PA ကို Antenna Switch Ic ထဲမှာ တပါတည်း ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရတယ် ဥပမာ C8813 ကို ကြည့်မယ်ဆိုရင် CDMA အတွက် PA ပဲပါတယ် GSM က 2G ဖြစ်တဲ့ အတွက် GSM900 အတွက် 2G PA ကို Antenna Switch Ic ထဲမှာ ထည့်ထားပါတယ် ..

 

ကျန်ပါသေးတယ်

 

Duplexer, SAW Filter

PA , PA Dc to Dc (PA ic က Volt သုံးမျိုး နဲ့ အလုပ်လုပ်ပါတယ်)

RF (CDMA , GSM)

Baseband , Baseband Memory

iQ Signal အကြောင်း

ဖုန်းလိုင်းမတတ်ရင် ပြစ်ချက် ဘယ်လိုရှာမလဲ ဘယ်လိုပြင်ရမလဲ

နောက်ထပ်ဆက်ရေးပါမယ် Laptop ပါမလာတော့ Ipad နဲ့ ရေးနေရတာ မလို့ပါ စာလုံးပေါင်း အမှားတွေပါနိုင်ပါတယ် ဖြည့်ဖတ်ကြပါ ခင်ဗျ