Mic အကြောင်း အပြ ည့်အစုံ   4pin Digital Mic မှ 2Pin Mic ပြောင်းနည်း

circuit board ပြားပေါ်က mic နေရာမှာတိုင်းတာကြည့်ရင် ရိုးရိုးmic ဆိုရင် တစ်ခုက connection ပြမယ် တစ်ခုက Gnd ကျနေမယ် အဲ့လိုဆို တစ်ခုက mic + လမ်းကြောင်း , Gnd ကျနေတဲ့တစ်ခုက Mic- လမ်းကြောင်းပေါ့ အဲ့လို မဟုတ်လား -ဟုတ်ပါတယ် .. အဲ့လိုပါ ဆိုရင်တော့ အောက်က စာကို နဲနဲလေး ဆက်ဖတ်ကြည့်ပါ

🇹🇼connection ပြနေတဲ့လမ်းကြောင်းက Mic+ လမ်းကြောင်း တော့ ဟုတ်တယ် Gnd ကျနေတဲ့ ငုတ်က Mic – လမ်းကြောင်း မဟုတ်ဘူးဗျ အဲ့ငုတ်က ကိုယ်တပ်မယ့် mic အလုပ်လုပ်ဖို့ အတွက် Gnd ချပေးထားတာ pm ic သို့မဟုတ် CPU ထဲကို Audio Frequency ပို့ပေးမယ့် လမ်းကြောင်း မဟုတ်ပါဘူး Mic negative လမ်းကြောင်းကို ခဏမေ့ထားပြီး Mic အလုပ်လုပ်ပုံအကြောင်းကို ကြည့်ကြည့်ရအောင်…

1. Mic-BIAS

2.Mic +(positive)

3.Mic-(negative)

🇹🇼#Mic_BIAS ဆိုတာ CPU ဒါမှမဟုတ် Power ic ကနေပြီးတော့ Mic အသုံးပြုမယ့် အချိန်ကျမှ Mic အလုပ်လုပ်ဖို့ရာ အတွက် Mic ကိုVolt ထုတ်ပေးတဲ့ လမ်းကြောင်းပါလို့ အကြမ်းဖျဉ်း သိထားရပါမယ်

ဖုန်းရဲ့ touch screen ကနေပြီးတော့ ကိုယ်ဘာနှိပ်လိုက်သလဲ ဘာခိုင်းလိုက်သလဲဆိုတာ Touch နဲ့ဆိုင်တဲ့ SCL , SDA လမ်းကြောင်းတွေကတဆင့် CPU က သိတယ် သီချင်းဖွင့်လိုက်တယ်ဆိုရင် ကိုယ်ဖွင့်လိုက်တဲ့ သီချင်းနဲ့ သက်ဆိုင်တဲ့ Audio Data ကို CPU ကနေ Audio Amp ကို ပို့ပေးမယ် ဖုန်းခေါ်လိုက်တယ်ဆိုရင် Rf ic ကို TX လှိုင်းလွှင့်ထုတ်ခိုင်းမယ် .. အဲ့လိုပဲ ဖုန်းခေါ်လိုက်တယ် recording လုပ်လိုက်တယ်ဆိုတာနဲ့ Mic အလုပ်လုပ်ဖို့ရာ အတွက် လိုအပ်တဲ့ Voltage ကိုလဲ ထုတ်ပေးလိုက်တယ် Mic ကို အမြဲတမ်းကြီး Volt ရောက်မနေဘူး ဖုန်းခေါ်တဲ့ အချိန် , recording လုပ်တဲ့ အချိန်မှာပဲ Mic ကို volt ရောက်ပါတယ် အဲ့ဒီ့ volt ကို Mic-BIAS လမ်းကြောင်းကနေပေးပါတယ်

🇹🇼Mic+(positive) , Mic(negative) ဆိုတာ ခုနက BIAS လမ်းကြောင်းကနေ ohm တန်ဖိုးရှိတဲ့ Resistor နှစ်လုံးခံပြီး Mic ဆံကို Volt ပေးလိုက်တော့ Mic စပြီး အလုပ်လုပ်ပြီပေါ့ Micအလုပ်က ဘာလဲ ဘေးနားက အသံတွေကို ဖမ်းယူပေးတဲ့ အလုပ်ကို လုပ်တယ် အဲ့ဒီ့ ဖမ်းယူရရှိတဲ့ Audio Frequency တွေကို Mic + လမ်းကြောင်း နဲ့ Mic – လမ်းကြောင်းကနေတဆင့် CPU Ic ထဲကို Coupling Capacitor တစ်လုံးစီခံပြီး ပို့ဆောင်ပေးတယ် Coupling ဘာလို့ခံထားရလဲဆိုတာတော့ မပြောတော့ပါဘူးနော် Child play တွေမဟုတ်လား 😂😂😂

🇹🇼အောက်ကပုံကို ကြည့်မယ်ဆိုရင် Mic+ , Mic -လမ်းကြောင်းကို အရင် မကြည့်ပါနဲ့ ဖုန်းခေါ် Recording လုပ်ပြီဆို BIAS လမ်းကြောင်းကနေ Mic အလုပ်လုပ်ဖို့ Volt ကို R နှစ်လုံးခံပြီး Mic ဆံကို Volt ပေးမယ် Mic အလုပ်လုပ်ရင် ဘေးက အသံတွေဖမ်းမယ် ရလာတဲ့ အသံတွေကို Mic + နဲ့ – လမ်းကြောင်းကနေ Cpu ကို ပို့မယ် မရှင်းဘူးလား

🇹🇼အလုပ်လုပ်ပုံတော့ သိပါပြီ Mic မရရင် ဘယ်လိုပြင်ရမလဲ Mic မရတဲ့ ပြစ်ချက်ရဲ့ 50% က Mic ဆံပျက်တာ 30%က BIAS Voltage မထွက်တာ 10%က Mic +, – လမ်းကြောင်းပျက်တာ , ကျန်တဲ့ 10% က သူငယ်နာ ပြန်သာပေးလိုက် ပြင်မနေနဲ့ 😜😜😜

သီအိုရီ ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက် နားလည်ထားလဲ ဆိုတဲ့အချက်ပေါ် အများကြီး မူတည်ပါတယ် အောင်မြင်ကြပါစေ ခင်ဗျ

Huawei Y210 SD Card error

SD card ထည့်မှ SD Card slot ရဲ့ အခြေမှာရှိတဲ့ deceted pin Ground ကျပြီး power ic အထွက် VREG S3 ကလာတဲ့ 1.8 volt ထွက်နေတဲ့ Resistor လေးတစ်လုံးက 0 volt ပြောင်းသွားပါတယ် အဲ့လိုပြောင်းသွားမှသာ Memory card ဖတ်ဖို့ရာအတွက် အလုပ်လုပ်ပေးမဲ့ TF Card (U1402) ic အတွက် လိုအပ်တဲ့ 2.8 voltage ကို power ic ကနေ VREG L13 မှတဆင့် ထုတ်ပေးပါတယ်
img_4747

Huawei G730 Touch Error

Touch socket က connection လဲရှိတယ် volt လဲရောက်တယ် ic တွေလဲ လဲကြည့်ပြီးပြီ touch က အလုပ်မလုပ်ဘူး Why?? ကျွန်တော်တို့ Touch Socket ပဲဖြစ်ဖြစ် LCD Socket ပဲဖြစ်ဖြစ် connection တိုင်းကြပြီ volt တိုင်းကြပြီဆိုရင် များသောအားဖြင့် Socket ရဲ့အခြေ (ပုံမှာ အစိမ်းရောင်ပြထားတဲ့နေရာ) ကိုပဲ တိုင်းတာဖြစ်ကြတာ များပါတယ် (ဆရာတွေကိုတော့ မဆိုလိုပါဘူးနော်) အနီရောင်ပြထားတဲ့ နေရာကို မတိုင်းတာဖြစ်ကြပါဘူး Socket အခြေမှာ ဘယ်လောက် connection ရှိရှိ Volt ရောက်ရောက် Socket အလယ်ကိုမရောက်ရင် အလုပ်လုပ်မှာမဟုတ်ပါဘူး ပုံထဲမှာနိမ့်နေတဲ့ အလယ်ငုတ်လေး နဲ့ Socket အကောင်းလဲပြီး ပုံလေး ၂ ပုံယှဉ်ပြထားပါတယ် Touch မရတိုင်း အလယ်ငုတ်ပျက်တယ် မဆိုလိုပါဘူး သတိထားဖို့ပြောပြတာပါ ဆိုင်မှာရောက်ရောက်လာတဲ့ အလုံးလေးတွေ တွေ့နေရလို့ အသစ်အဆန်းမဟုတ်ပေမယ့် မသိသေးတဲ့ beginner သမားများအတွက် ရည်ညွှန်းပါတယ်

ပုံ(၁) Touch Socket အလယ်ငုတ်များ မြှားနီပြထားသောနေရာတွင် နိမ့်နေသည်ကို တွေ့ရမည်


ပုံ(၂) Touch Socket အသစ်လဲအပြီး တွေ့မြင်ရပုံ

       

Dc/Dc Converter တွေကို ဘယ်လိုနေရာမျိုးတွေမှာ ဘာအတွက်သုံးထားတာလဲ Jumper ပြုလုပ်ခြင်း၏ အကောင်း နှင့် အဆိုး

Jumper ကြာခဲ့ပါပြီ.. မှတ်မှတ်ရရ note2 clone sim ကဒ်မဖတ်တာလေး vcc volt ပျောက်နေလို့ sensor နားက volt ကိုဆွဲယူပြီး ကျွေးကြည့်ပါတယ် sim တော့ ဖတ်သွားတယ် ဒါပေမယ့် logo မှာအကြာကြီးလည်နေတယ် volt ဆွဲကျွေးထားတဲ့ ကြိုးလဲ ဖြုတ်လိုက်ရော ပုံမှန်အတိုင်းပဲ logo မှာကြာမနေတော့ဘူး အဲ့ဒါနဲ့ နောက်တစ်ခါ touch socket နားက volt ယူကျွေးကြည့်တယ် sim card ဖတ်ပေမယ့် touch မရတော့ဘူး ခင်ဗျ ကြိုးပြန်ဖြုတ်ပေမယ့်လဲ touch ကဆွဲမရတော့ဘူး ပုံမှန်ဆို power ic နားက output 2.8 ကနေ ဆွဲယူကျွေးသင့်ပေမယ့် သံဖုံးအသေတွေ ဖြုတ်ရမှာ ပျင်းတဲ့အတွက် ရော်လိုက်ရကြောင်းပါ 

♦️ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက ခု post တွေ အတော်များများမှာ တွေ့နေရပါတယ် ဘယ်ကနေ jumper ကျွေးလိုက်တာ ဘယ်လမ်းကြောင်းကနေ volt ဆွဲကျွေးလိုက်တာ စသည်ဖြင့်ပေါ့ jumper ကြိုးကျော်တယ်ဆိုတာ ကိုယ်ပြင်လိုက်တဲ့ ဖုန်းတစ်လုံး ရေရှည်ကောင်းမွန်ဖို့အတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းတစ်ခုရော ဟုတ်ရဲ့လား…ပတ်လမ်းကြောင်းတစ်ခု ပြတ်တောက်သွားလို့ ကြိုးကျော်ခြင်းကိုတော့ မဆိုလိုပါဘူး ခင်ဗျ ..ဥပမာ Dc to Dc converter တွေ ပျက်တဲ့အခါ VPH volt အဝင်ကနေ dropped components တစ်ခုသုံး volt လျှော့ပြီး သက်ဆိုင်ရာ Ic အဝင်ကို ကြိုးဆက်ကြတယ် ဘာလို့ Dc to Dc Converter က ထည့်ထားတာလဲ ဘယ်နေရာမှာ လိုအပ်လို့လဲ 

♦️ဟုတ်ကဲ့ပါ.. Dc to Dc ဆိုတာ volt လျှော့ပေးရုံသက်သက်မဟုတ်ပဲ(တချို့ model တွေမှာ volt လျှော့မပေးပါဘူး )အရမ်းလိုအပ်လွန်းလို့ ထည့်ထားတာပါ ဥပမာ camera အတွက် Dc to Dc တစ်လုံးကိုပဲ ကြည့်ပါ ပုံမှန် ဖုန်းအသုံးပြုနေချိန် camera application icon ကို tap မနှိပ်သေးသရွေ့ camera ကို အသုံးမပြုသေးသရွေ့ camera အလုပ်လုပ်ဖို့အတွက် voltage ကို Dc to Dc က ထုတ်မပေးပါဘူး Camera ကို အသုံးပြုပြီဆိုမှ CPU ic မှတဆင့် အာရုံခံပြီး Dc to Dc ရဲ့ On ငုတ်ကို လှမ်းဖွင့်ပေးမှသာလျှင် camera အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ voltage ကို Vph power မှတဆင့် Dc to Dc ic မှ dropped လုပ်ပြီး ထုတ်ပေးပါတယ် အမြဲတမ်းကြီး Volt ရောက်မနေပါဘူး

♦️huawei c8813 ရဲ့ network ပိုင်းက PA Ic ကို လေ့လာကြည့်မယ်ဆိုရင် ဖုန်းလိုင်းသိပ်မမိတဲ့နေရာမှာ PA Ic က အပြည့်အဝ အလုပ်လုပ်ပါ , ဖုန်းလိုင်းမိနေတဲ့နေရာမှာ PA Ic အနားယူပါ အစရှိတဲ့ command တွေကို CPU , RF , U6302 ic တွေကနေတဆင့် Logic control 3 လိုင်းနဲ့ ထိန်းချုပ်ထားတာပါ …… မထိန်းချုပ်ဘူး PA Ic က အမြဲအလုပ်လုပ်နေရင်ရော ဘာဖြစ်မလဲ ? Coolpad 5108, 5109 model တွေကိုလေ့လာကြည့်ပါ C8813 လိုမျိုး PA Ic ကို အနားပေးတဲ့ စနစ်ပါမလာတော့ တခုခုဆို PA Ic အတော် အပျက်များပါတယ် လိုင်းမတတ်လဲ PA ပဲ , power မလာ shock ကျလဲ PA Ic ပဲ ပြင်ဖူးတဲ့ ဆရာတွေ သိမှာပါ 

♦️အခုလို Dc to Dc တွေပျက်တာကို အစားမထိုးပဲ ကြိုးကျော်သုံးနေရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပေါ့ဗျာ …

EMI , ESD (Electro Magnetic Discharge) အကြောင်း နဲ့ Circuit board အထူအပါးပေါ်မူတည်ပြီး အပူဒါဏ်ခံနိုင်မှု အကြောင်း

mobile phone ပြုပြင်ခြင်းဆိုတာ တကယ်ခံစားပြီး ပြု ပြင်တတ်မယ်ဆိုရင် အနုပညာဆန်တဲ့ အလုပ်တစ်ခုပါ- ပန်းချီကားတစ်ချပ်ကို ဆွဲနေရသလို ဂန္တဝင်ဆန်တဲ့ တေးသွားတစ်ပုဒ်ကို သီဆို နေရသလိုပဲ circuit diagram တွေ ထိုင်ကြည့်နေရင်ကို ကာရန် နဘေ စည်းချက်ကျကျ (C934,C935 , L902,L903) သံစဉ် အနိမ့်အမြင့်လေးတွေနဲ့ အင်မတန်မှ စိတ်ဝင်တစားဖို့ ကောင်းတဲ့ အလုပ်တစ်ခုပါ 

-Airgun နဲ့ IC အဖြုပ်အတပ် လုပ်တာတောင်မှပဲ ကိုယ်ပြုပြင်မဲ့ circuit board ရဲ့ layer အထူအပါးပေါ် မူတည်ပြီး သုံးရမယ့် အပူချိန် နဲ့ လေ ဘယ်လောက်ထားပေးရမလဲဆိုတာ circuit board ပြား model တစ်မျိုးနဲ့ တစ်မျိုး မတူသလို ic တွေမှာလဲ power ic နဲ့ CPU ic ရဲ့ အပူဒဏ်ခံနိုင်မှု အရည်အချင်းကလဲ မတူပါဘူး

– နောက်ပြီး မျက်စိနဲ့ မြင်လို့ မရနိုင်တဲ့ လူ့ခန္ဓာကိုယ်မှာရှိတဲ့ electrostatic discharge(ESD) ဆိုတာကလဲ ရှိသေးသကိုး ESD တွေ ဘယ်လောက် ဒုက္ခပေးသလဲဆို circuit ပြားအကောင်းတချပ် လက်နဲ့ ကိုင်ယုံနဲ့ တခါတလေ CPU error ပြချင်ပြနေတတ်တယ် ဘာမှမလုပ်ရသေးပဲ ဖြစ်သွားတာဆိုပြီး ညည်းဖူးတဲ့ Service ဆရာတွေသိမှာပါ 

-အခုလို အချိန်မှာ ဖုန်ြးုပုပြင်ခြင်းနည်းပညာကို ခေတ်ကောင်းလို့ သင်ယူချင်သည်ပဲ ဖြစ်စေ အမှန်တကယ် တတ်မြောက်ချင်လို့ သင်ယူသည်ပဲဖြစ်စေ အမှန်တကယ် တတ်မြောက်ချင်ရင် ဘယ်လိုအရာတွေကို ဇောင်းပေးပြီးလေ့လာသင့်သလဲ ဘာတွေကို ရှာဖွေလေ့ကျင့်ရမလဲ ဆိုတာ အတော်များများက အမှန်တကယ် မသိကြဘူး တခုခုတတ်မေးရင် Jumper ဘယ်လိုကျော်ရမလဲ ဆိုတာတွေပဲ တွေ့ရတာများတယ် 

– Jumper ကြိုးကျော်ခြင်းဆိုတာ လမ်းကြောင်းပျက်လို့ ကြိုးဆက်ပေးတာပဲကောင်းတယ် လမ်းကြောင်းပေါ်မှာရှိတဲ့ components တစ်ခုကို ဖြတ်ပြီး ကြိုးကျော်လိုက်ပြီဆိုတာနဲ့ ကိုယ်ဖြေရှင်းလိုက်တဲ့ ဖြေရှင်းနည်းက 100% မကောင်းနိုင်တော့ဘူးဆိုတာ သိနေရမယ် နားလည်နေရမယ် ဥပမာ sim card မဖတ်လို့ ESD diode တစ်ခု မကောင်းတာကိုတွေ့ပြီး Diode ကို ဖြုတ်ထားလိုက်တယ် sim card ဖတ်သွားတယ် Diode ပြန်မတတ်လိုက်မိဘူး ပုံမှန်လိုဆိုရင်တော့ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ပတ်ဝန်းကျင် လေထုထဲမှာ Discharge တွေ အရမ်းများနေတဲ့ ( မိုးကြိုးတွေပစ် လျှပ်စီးလက်နေတဲ့) အချိန်မျိုးတွေမှာ ESD diode ပြန်တပ်မထားတဲ့ အတွက် ယောင်လို့မှားလို့များ ဖုန်းထဲ Discharge ဝင်လာခဲ့ရင်တော့ CPU က ကားကနဲနေမှာပါပဲ …ဆက်ပါဦးမည်