Dc/Dc Converter တွေကို ဘယ်လိုနေရာမျိုးတွေမှာ ဘာအတွက်သုံးထားတာလဲ Jumper ပြုလုပ်ခြင်း၏ အကောင်း နှင့် အဆိုး

Jumper ကြာခဲ့ပါပြီ.. မှတ်မှတ်ရရ note2 clone sim ကဒ်မဖတ်တာလေး vcc volt ပျောက်နေလို့ sensor နားက volt ကိုဆွဲယူပြီး ကျွေးကြည့်ပါတယ် sim တော့ ဖတ်သွားတယ် ဒါပေမယ့် logo မှာအကြာကြီးလည်နေတယ် volt ဆွဲကျွေးထားတဲ့ ကြိုးလဲ ဖြုတ်လိုက်ရော ပုံမှန်အတိုင်းပဲ logo မှာကြာမနေတော့ဘူး အဲ့ဒါနဲ့ နောက်တစ်ခါ touch socket နားက volt ယူကျွေးကြည့်တယ် sim card ဖတ်ပေမယ့် touch မရတော့ဘူး ခင်ဗျ ကြိုးပြန်ဖြုတ်ပေမယ့်လဲ touch ကဆွဲမရတော့ဘူး ပုံမှန်ဆို power ic နားက output 2.8 ကနေ ဆွဲယူကျွေးသင့်ပေမယ့် သံဖုံးအသေတွေ ဖြုတ်ရမှာ ပျင်းတဲ့အတွက် ရော်လိုက်ရကြောင်းပါ 

♦️ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက ခု post တွေ အတော်များများမှာ တွေ့နေရပါတယ် ဘယ်ကနေ jumper ကျွေးလိုက်တာ ဘယ်လမ်းကြောင်းကနေ volt ဆွဲကျွေးလိုက်တာ စသည်ဖြင့်ပေါ့ jumper ကြိုးကျော်တယ်ဆိုတာ ကိုယ်ပြင်လိုက်တဲ့ ဖုန်းတစ်လုံး ရေရှည်ကောင်းမွန်ဖို့အတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းတစ်ခုရော ဟုတ်ရဲ့လား…ပတ်လမ်းကြောင်းတစ်ခု ပြတ်တောက်သွားလို့ ကြိုးကျော်ခြင်းကိုတော့ မဆိုလိုပါဘူး ခင်ဗျ ..ဥပမာ Dc to Dc converter တွေ ပျက်တဲ့အခါ VPH volt အဝင်ကနေ dropped components တစ်ခုသုံး volt လျှော့ပြီး သက်ဆိုင်ရာ Ic အဝင်ကို ကြိုးဆက်ကြတယ် ဘာလို့ Dc to Dc Converter က ထည့်ထားတာလဲ ဘယ်နေရာမှာ လိုအပ်လို့လဲ 

♦️ဟုတ်ကဲ့ပါ.. Dc to Dc ဆိုတာ volt လျှော့ပေးရုံသက်သက်မဟုတ်ပဲ(တချို့ model တွေမှာ volt လျှော့မပေးပါဘူး )အရမ်းလိုအပ်လွန်းလို့ ထည့်ထားတာပါ ဥပမာ camera အတွက် Dc to Dc တစ်လုံးကိုပဲ ကြည့်ပါ ပုံမှန် ဖုန်းအသုံးပြုနေချိန် camera application icon ကို tap မနှိပ်သေးသရွေ့ camera ကို အသုံးမပြုသေးသရွေ့ camera အလုပ်လုပ်ဖို့အတွက် voltage ကို Dc to Dc က ထုတ်မပေးပါဘူး Camera ကို အသုံးပြုပြီဆိုမှ CPU ic မှတဆင့် အာရုံခံပြီး Dc to Dc ရဲ့ On ငုတ်ကို လှမ်းဖွင့်ပေးမှသာလျှင် camera အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ voltage ကို Vph power မှတဆင့် Dc to Dc ic မှ dropped လုပ်ပြီး ထုတ်ပေးပါတယ် အမြဲတမ်းကြီး Volt ရောက်မနေပါဘူး

♦️huawei c8813 ရဲ့ network ပိုင်းက PA Ic ကို လေ့လာကြည့်မယ်ဆိုရင် ဖုန်းလိုင်းသိပ်မမိတဲ့နေရာမှာ PA Ic က အပြည့်အဝ အလုပ်လုပ်ပါ , ဖုန်းလိုင်းမိနေတဲ့နေရာမှာ PA Ic အနားယူပါ အစရှိတဲ့ command တွေကို CPU , RF , U6302 ic တွေကနေတဆင့် Logic control 3 လိုင်းနဲ့ ထိန်းချုပ်ထားတာပါ …… မထိန်းချုပ်ဘူး PA Ic က အမြဲအလုပ်လုပ်နေရင်ရော ဘာဖြစ်မလဲ ? Coolpad 5108, 5109 model တွေကိုလေ့လာကြည့်ပါ C8813 လိုမျိုး PA Ic ကို အနားပေးတဲ့ စနစ်ပါမလာတော့ တခုခုဆို PA Ic အတော် အပျက်များပါတယ် လိုင်းမတတ်လဲ PA ပဲ , power မလာ shock ကျလဲ PA Ic ပဲ ပြင်ဖူးတဲ့ ဆရာတွေ သိမှာပါ 

♦️အခုလို Dc to Dc တွေပျက်တာကို အစားမထိုးပဲ ကြိုးကျော်သုံးနေရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပေါ့ဗျာ …

EMI , ESD (Electro Magnetic Discharge) အကြောင်း နဲ့ Circuit board အထူအပါးပေါ်မူတည်ပြီး အပူဒါဏ်ခံနိုင်မှု အကြောင်း

mobile phone ပြုပြင်ခြင်းဆိုတာ တကယ်ခံစားပြီး ပြု ပြင်တတ်မယ်ဆိုရင် အနုပညာဆန်တဲ့ အလုပ်တစ်ခုပါ- ပန်းချီကားတစ်ချပ်ကို ဆွဲနေရသလို ဂန္တဝင်ဆန်တဲ့ တေးသွားတစ်ပုဒ်ကို သီဆို နေရသလိုပဲ circuit diagram တွေ ထိုင်ကြည့်နေရင်ကို ကာရန် နဘေ စည်းချက်ကျကျ (C934,C935 , L902,L903) သံစဉ် အနိမ့်အမြင့်လေးတွေနဲ့ အင်မတန်မှ စိတ်ဝင်တစားဖို့ ကောင်းတဲ့ အလုပ်တစ်ခုပါ 

-Airgun နဲ့ IC အဖြုပ်အတပ် လုပ်တာတောင်မှပဲ ကိုယ်ပြုပြင်မဲ့ circuit board ရဲ့ layer အထူအပါးပေါ် မူတည်ပြီး သုံးရမယ့် အပူချိန် နဲ့ လေ ဘယ်လောက်ထားပေးရမလဲဆိုတာ circuit board ပြား model တစ်မျိုးနဲ့ တစ်မျိုး မတူသလို ic တွေမှာလဲ power ic နဲ့ CPU ic ရဲ့ အပူဒဏ်ခံနိုင်မှု အရည်အချင်းကလဲ မတူပါဘူး

– နောက်ပြီး မျက်စိနဲ့ မြင်လို့ မရနိုင်တဲ့ လူ့ခန္ဓာကိုယ်မှာရှိတဲ့ electrostatic discharge(ESD) ဆိုတာကလဲ ရှိသေးသကိုး ESD တွေ ဘယ်လောက် ဒုက္ခပေးသလဲဆို circuit ပြားအကောင်းတချပ် လက်နဲ့ ကိုင်ယုံနဲ့ တခါတလေ CPU error ပြချင်ပြနေတတ်တယ် ဘာမှမလုပ်ရသေးပဲ ဖြစ်သွားတာဆိုပြီး ညည်းဖူးတဲ့ Service ဆရာတွေသိမှာပါ 

-အခုလို အချိန်မှာ ဖုန်ြးုပုပြင်ခြင်းနည်းပညာကို ခေတ်ကောင်းလို့ သင်ယူချင်သည်ပဲ ဖြစ်စေ အမှန်တကယ် တတ်မြောက်ချင်လို့ သင်ယူသည်ပဲဖြစ်စေ အမှန်တကယ် တတ်မြောက်ချင်ရင် ဘယ်လိုအရာတွေကို ဇောင်းပေးပြီးလေ့လာသင့်သလဲ ဘာတွေကို ရှာဖွေလေ့ကျင့်ရမလဲ ဆိုတာ အတော်များများက အမှန်တကယ် မသိကြဘူး တခုခုတတ်မေးရင် Jumper ဘယ်လိုကျော်ရမလဲ ဆိုတာတွေပဲ တွေ့ရတာများတယ် 

– Jumper ကြိုးကျော်ခြင်းဆိုတာ လမ်းကြောင်းပျက်လို့ ကြိုးဆက်ပေးတာပဲကောင်းတယ် လမ်းကြောင်းပေါ်မှာရှိတဲ့ components တစ်ခုကို ဖြတ်ပြီး ကြိုးကျော်လိုက်ပြီဆိုတာနဲ့ ကိုယ်ဖြေရှင်းလိုက်တဲ့ ဖြေရှင်းနည်းက 100% မကောင်းနိုင်တော့ဘူးဆိုတာ သိနေရမယ် နားလည်နေရမယ် ဥပမာ sim card မဖတ်လို့ ESD diode တစ်ခု မကောင်းတာကိုတွေ့ပြီး Diode ကို ဖြုတ်ထားလိုက်တယ် sim card ဖတ်သွားတယ် Diode ပြန်မတတ်လိုက်မိဘူး ပုံမှန်လိုဆိုရင်တော့ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ပတ်ဝန်းကျင် လေထုထဲမှာ Discharge တွေ အရမ်းများနေတဲ့ ( မိုးကြိုးတွေပစ် လျှပ်စီးလက်နေတဲ့) အချိန်မျိုးတွေမှာ ESD diode ပြန်တပ်မထားတဲ့ အတွက် ယောင်လို့မှားလို့များ ဖုန်းထဲ Discharge ဝင်လာခဲ့ရင်တော့ CPU က ကားကနဲနေမှာပါပဲ …ဆက်ပါဦးမည်

Huawei C8813 Touch

မနေ့က Huawei C8813 လေးတစ်လုံး Touch မရလို့ volt တိုင်းကြည့်တော့ Touch INT လမ်းကြောင်းက Volt မရောက်တာ Camera Flash ic နားမှာ ရေဝင်ထားတဲ့ အရာလေးတွေံလို့ Flash ic ဖြုတ်ချလိုက်တာ Touch ပြန်ရသွားတယ် Touch Int လမ်းကြောင်းမှာ volt ပြန်ထွက်လာတယ် အဲ့ဒီ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင် S3 လမ်းကြောင်းကနေ 10k R တစ်လုံးနဲ့ drop လုပ်ပြီး Volt ဆွဲကျွေးထားသလို ထင်ရတယ် တကယ်တမ်းတော့ မဟုတ်ပါဘူး အဲ့ R လေးမရှိလဲ Touch အလုပ်လုပ်ပါတယ် -Touch မရရင် Bluetooth ic ဖြုတ် Camera Flash ic ဖြုတ်ရင် ဘာလို့ Touch ပြန်ရသွားတာလဲဆိုတော့ Ic 6 လုံး အလုပ်လုပ်ဖို့ရန် အတွက် SCL နဲ့ SDA ကို CPU ရဲ့ pin no. E13 , G13 ကနေ လမ်းကြောင်းတစ်ခုထဲနဲ့ပဲ Control လုပ်ပေးထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ် 

1. Touch ic pin 5 , 6

2.Bluetooth ic pin 28 , 29

3.Camera Flash ic pin B2 , B1

4.Accelerometer ic pin 4 , 6

5.Compass ic pin A4 , A3 (များသောအားဖြင့် Huawei phone တွေမှာ Compass ic မပါတတ်ပါ)

6. proximity sensor ကိုသွားမယ့် Socket pin 3 , 5 တို့ရဲ့ SCL , SDA လမ်ကြောင်းက တစ်ခုထဲ ဖြစ်တဲ့ အတွက်ကြောင့် ic တစ်လုံးလုံးက မကောင်းဘူးဆိုရင် ကျန်တဲ့ ic တွေပါ ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်ကြတာပါ 

အသစ်အဆန်း မဟုတ်ပေမယ့် အခုထိ ကြုံတွေ့နေရဆဲပါ 

-C8813 G520 G510 အစရှိတဲ့ ဖုန်းတွေ ဘာလို့ bluetooth , wifi ic အပျက်များလဲ လေ့လာကြည့်မယ်ဆိုရင် အဲ့ဒီ့ ic တွေရဲ့ အပေါ်မှာ နားကြပ်ခေါင်းရှိပါတယ် နားကြပ်ခေါင်းနောက်က အပေါက်လေးကနေတဆင့် ပြင်ပက ဝင်လာတဲ့ ဖုန်တွေ သဲတွေ ရေတွေရဲ့ ဒဏ်ကို အပေါက်တည့်တည့်မှာ ရှိနေတဲ့ Wifi , wifi crystal နဲ့ Bluetooth ic တို့က ခံရတဲ့ အတွက် အပျက်များတာပါ 

-Huawei နောက်ပိုင်း Model တွေမှာတော့ နားကြပ်ခေါင်းနောက်မှာ အဲ့လို အပေါက် မတွေ့ရတော့ပါဘူး

Ball Type ic & PIN Type ic

Ball Type & Pin Type Ic – Ic မှာ ၂ မျိုး ၂ စားရှိတယ် ဆိုတာတော့ အတော်များများ သိကြပါတယ်

-Ball type ic ကတော့ အားလုံးလုပ်နေကြအတိုင်း ရှင်းပါတယ် ic ဖြုတ် ခဲလောင်းပြား နဲ့ ခဲဖော်ပြီး ပြန်တပ်ပေါ့

-Pin Type ic မှာ ကျတော့ ic ဖြုတ်ပြီး ရိုးရိုးပြန်တပ်ရုံနဲ့ Ic ရဲ့ pin အထိုင်ငုတ်လေးတွေက မမိတတ်ပါဘူး အထူးသဖြင့် Interner swith (Bandpass filter) လို ic မျိုးတွေမှာ pin ငုတ် မိဖို့ရာ အင်မတန် အရေးကြီးပါတယ် ငုတ်မမိပဲ တတ်မိရင် လိုင်းလုံးဝမတတ်ပါဘူး အဲ့တော့ CPU ကပဲ ပျက်သလိုလို RF ကပဲ ပျက်သလိုလိုနဲ့ တခြားနေရာတွေကို စဉ်းစားပြီး လမ်းမှားတတ်ကြပါတယ်

-Pin ငုတ်တိုင်း မိနိုင်ဖို့ရာအတွက် Pin type ic တစ်လုံး ဖြုတ်ပြီးရင် Ic ရဲ့ အထိုင်ငုတ်တွေကို ခဲကျွေးပေးရပါတယ် တပ်ဆင်မယ့် Ic ကိုလဲ ထိုက်သင့်သလောက် ခဲကျွေးပြီး တပ်ဆင်မှသာ အဆင်ပြေမှာပါ

-network ပိုင်းမှာဆိုရင် saw filter, duplexer, interner switch ic , PA တို့ကို Pin type အနေနဲ့တွေ့ရပါတယ်

-အောက်ကပုံတွေ တချက်ကြည့်ပါ

Power supply နဲ့ ဖွင့်ရင် power ပွင့်တယ် Battery နဲ့ကျ မပွင့်ဘူး ဘာဖြစ်တာလဲ

Huawei G730-U00 power supply နဲ့ဖွင့်ရင်ပွင့်တယ် battery နဲ့ဖွင့်ရင် power ပွင့်တဲ့အခါပွင့်တယ် မပွင့်တဲ့အခါ မပွင့်ဘူးနောက်ဆုံး အဖြေက FET မှာသွားတွေ့ပါတယ် FET လဲလိုက်တာ အဆင်ပြေသွားတယ် FET ပျက်တယ်ဆိုရင် power supply နဲ့ဖွင့်တဲ့အခါ ကျတော့ ဘာလို့ power ပွင့်ရသလဲပေါ့ စဉ်းစားမိပါတယ်.. 

♦️Huawei model အများစုမှာ FET ရဲ့ Drain ငုတ်ကို battery V+ ငုတ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ် source ငုတ်က power ic နဲ့ ချိတ်ဆက်ထားပါတယ် အဲ့ဒီတော့ Drain ကို 4.2 volt ပေးသွင်းလိုက်မယ်ဆိုရင် Drain နဲ့ source ကြားမှာ diode တစ်လုံးရှိတဲ့ အတွက်ကြောင့် Drain မှာ 4.2 volt ရှိရင် source ငုတ်မှာ 3.8 volt ဝန်းကျင်ရှိနေပါတယ် Gate ငုတ်ကတော့ power key မနှိပ်ခင်မှာ drain မှာရှိတဲ့ volt အတိုင်းရှိနေမှာပါ power key နှိပ်လိုက်မှ power ic ကနေ FET ရဲ့ Gate ဖွင့်ဖို့ အတွက် လိုအပ်တဲ့ (p-channelဆိုလျှင်) အနှုတ် -Volt ထုတ်ပေးမှသာလျှင် Gate ငုတ်မှာ 0volt အဖြစ်ပြောင်းသွားပြီး FET gate ပွင့်မယ် Drain နဲ့ Source ပူးသွားမယ် power ပွင့်မယ် ဒီလိုမဟုတ်လားဗျ 

♦️ စဉ်းစားစရာတစ်ခုက FET gate ပိတ်နေရင်ရော power key နှိပ်လိုက်ရင် power မပွင့်တော့ဘူးလား 

FET ရဲ့ Gate ငုတ်ကို လွှတ်ထားမယ် တပ်မထားဘူးဗျာ power ပွင့်ပါ့မလား 

ပွင့်ပါတယ် ဘာလို့ပွင့်တာလဲဆိုတော့ ခုနက ပြောသလို drain မှာ 4.2 volt ကျွေးရင် source မှာ 3.8 ရှိနေလို့ပါ အဲ့ 3.8 volt နဲ့ တင် phone power ဖွင့်ဖို့ လုံလောက်ပါတယ် gate ပွင့်မှ source လမ်းကြောင်းကို ရောက်လာမယ့် drain က 4.2 volt မရလဲ ကိစ္စမရှိသေးပါဘူး ဘာလို့လဲဆိုတော့ 3.8 volt က phone power ပွင့်ဖို့ လုံလောက်လို့ပေါ့ အဲ့ဒီမှာ အခုဖြစ်နေတဲ့ ပြသာနာက စလာပါပြီ power supply နဲ့ ဖွင့်ရင်ဘာလို့ power ပွင့်သလဲ supply က ပေးသွင်းvolt 4.2 volt ထုတ်ပေးတဲ့အတွက် drain မှာ 4.2 ရောက်မယ် source မှာ 3.8 volt ရောက်မယ် 3.8 volt နဲ့ phone power ပွင့်နိုင်ပါတယ်

Battery နဲ့ ဖွင့်တော့ ဘာလို့ power မပွင့်ရသလဲ Battery မှာ 4.2volt အပြည့်ရှိနေတဲ့ battery နဲ့ဖွင့်ရင်တော့ ပွင့်မှာပေါ့ drain မှာ 4.2 source မှာ 3.8 

♦️3.8 volt ပဲရှိနေတဲ့ battery တစ်လုံးဟာ ပုံမှန် FET Gate အဖွင့်အပိတ်ကောင်းနေတဲ့ phone တစ်လုံးမှာ ကောင်းမွန်စွာ power ပွင့်နိုင်ပေမယ့် , Gate အဖွင့်အပိတ်မလုပ်ပေးနိုင်တဲ့ FET ကိုတပ်ဆင်ထားရင်ပဲ ဖြစ်ဖြစ် power ic ကနေ gate ကို switch အဖွင့်အပိတ် လုပ်မပေးနိုင်တော့ရင်ပဲဖြစ်ဖြစ် phone ကpower မပွင့်နိုင်ပါဘူး ဘာလို့လဲဆိုတော့ battery ကနေ Drain ကို ပေးသွင်းနိုင်တာကိုက 3.8 volt ပဲပေးနိုင်တော့တယ် Drain နဲ့ source ကြားက diode တစ်လုံးကြောင့် source မှာ 3.4 volt ပဲ ရှိတော့မယ် 3.4volt နဲ့ phone power မပွင့်နိုင်တဲ့ အတွက်ကြောင့် Battery အားအနည်းငယ်လျော့တာနဲ့ power မပွင့်ပါဘူး 4.2 volt ထုတ်ပေးဖို့ ချိန်ထားတဲ့ power supply နဲ့ကျတော့ ကောင်းကောင်းမွန်မွန် power ပွင့်ပါတယ်

-ရှုပ်သွားရင်တော့ ကျနော် အရေးအသားညံ့လို့ပေါ့ဗျာ တကယ်တမ်းက ဘာမှမခက်ခဲပါဘူး ခုကိစ္စလေးက 

Fighting All bro !!! ‘

Huawei C8813 LCD For AND Gate

HUAWEI C8813 , C8812 Model တွေမှာ CPU ကနေ LCD ရုပ်ပေါ်ဖို့ အတွက် လိုအပ်တဲ့ Reset voltage ကို AND Gate တစ်လုံးခံပြီး ပေးသွင်းထားတာကို လှလှပပလေး တွေ့ရပါတယ် ဘယ်လိုလှသလဲဆိုတော့ …AND Gate ရဲ့ သဘောသဘာဝအရ အဝင် input နှစ်ခုလုံး 1 ဖြစ်နေမှ အထွက်က 1 ဖြစ်ပါတယ် 1 ဆိုတာ High Level volt ရောက်နေတဲ့ အနေအထားကို ဆိုလိုတာပါ 

ပုံထဲမှာ ကြည့်မယ်ဆိုရင် အဝင် input A နဲ့ Input B အထွက်က Output Y ဆိုတော့ A1 , B1 ဆိုရင် Y1 ဖြစ်မယ်ပေါ့ ..

အဲ့ဒီမှာ လှရတဲ့ အကြောင်းအရင်းက လာပါပြီ phone တစ်လုံး power ဖွင့်တာနဲ့ power ic ကနေ CPU ic အတွက် လိုအပ်တဲ့ Reset Volt ကို ပေးပါတယ် CPU ကို ပေးသလို U1304 ic ရဲ့ pin No.2 ကိုလဲ MSM Resin N ဆိုပြီး ပေးထားပါတယ် အဲ့လိုပေးလိုက်တာနဲ့ input A မှာ High Level ဖြစ်သွားတဲ့ အတွက် A1 , B ကတော့ Volt မရောက်သေးတော့ B0 ပေါ့ 

LCD ရဲ့ ID0 ID1 (manufacture recognize) ငုတ်ကနေ CPU ကို LCD ရှိကြောင်း အကြောင်းကြားတဲ့အခါမှ LCD အတွက် လိုအပ်တဲ့ Reset Volt ကို CPU ကနေ U1304 ic ရဲ့ Pin No.1 In B ကို Volt ထုတ်ပေးလိုက်တဲ့ အခါ Input B ကလဲ 1 (high level) အခြေအနေကို ရောက်ရှိသွားတဲ့အတွက် AND Gate ရဲ့သဘောအရ A1 B1 ဆိုတော့ Y1 ထွက်ပြီပေါ့ 

Output Y ငုတ်က LCD Socket နဲ့ ချိတ်ဆက်ထားပါတယ် U1304 အလုပ်လုပ်ဖို့ရာအတွက် S3 လမ်းကြောင်းမှ 1.8 Volt ကို Pin no 6 ကိုပေးသွင်းထားပါတယ်

တကယ်တမ်း အဲ့ဒီ့ Gate လေးပျက်ရင် R1313 နေရာက အလွတ်လေးနှစ်ပြောက်ကို ကြိုးဆက်ပေးလိုက်ရင် ရပါတယ်

 အကြောင်းအရာတစ်ခု Theory ဆန်တယ် မဆန်ဘူးဆိုတာ ကိုယ်ဘယ်လောက်သိထားလဲ ဆိုတဲ့ အချက်ပေါ်မူတည်ပါတယ်

အဲ့ဒီ့ AND Gate ကို တော်တော်များများက Dc to Dc Converter မဟုတ်မှန်းတော့ သိကြတယ် ဘာ Ic လဲ ဆိုတာ ဝေဝေဝါးဝါး ဖြစ်နေကြလို့ သိသလောက် တင်ပေးတာပါ